မြန်မာ့အကောင်းဆုံးယာဉ်အပိုပစ္စည်းများနှင့်ဝန်ဆောင်လုပ်ငန်းဆိုင်ရာနိုင်ငံတကာစက်မှူကုန်စည်ပြပွဲအခမ်းအနားကိုရန်ကုန်မြို့-ဒဂုံမြို့နယ်-ရှင်စောပုလမ်းရှိMyanmar Event Park ၌28.10.2016 နေ့နံနက် 9း 30 နာရီတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများကအဆိုပါအခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီပြပွဲအတွင်းခင်းကျင်းပြသထားသောယာဉ်အပိုပစ္စည်းပြခန်းများအားဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသောဧည့်သည်တော်များကလှည့်လည်ကြည့်ရှူအားပေးကြကြောင်းသိရသည်။အဆိုပါနိုင်ငံတကာစက်မှူကုန်စည်ပြပွဲတွင် တရုတ်။တောင်ကိုရီးယား။မလေးရှား။တရုတ်( တိုင်ပေ )။စင်ကာပူ။ထိုင်းနိုင်ငံအစရှိသည့်နိုင်ငံပေါင်း 18 နိုင်ငံမှပြခန်းပေါင်း 250 ကျော်ပါဝင်ပြသလျှက်ရှိပြီမော်တော်ယာဉ်ကြီးများ။ဘတ်စ်ကား။ကုန်တင်ယာဉ်ကြီးများ။ယာဉ်နှင့်ပါတ်သက်သည့်အပိုပစ္စည်းများ။တောလမ်းခရီးကြမ်းသုံးမော်တော်ယာဉ်များ။ကားဘီးတာယာအမျိုးမျိုး။ဘရိတ်ဆီ။စက်ဆီ။ချောဆီ။မော်တော်ယာဉ်အစိတ်အပိုင်းများ။အဲယားကွန်းအစိတ်အပိုင်းများမော်တော်ယာဉ်အတွင်းတပ်ဆင်သောမီးသီးများ။မော်တော်ယာဉ်အလှဆင်ပစ္စည်းများကိုပြပွဲအတွင်းခင်းကျင်းပြသထားကြောင်းသိရသည်။ယာဉ်အပိုပစ္စည်းများနှင့်ခရီးသွားမော်တော်ယာဉ်ဝန်ဆောင်မှူလုပ်ငန်းဆိုင်ရာနိုင်ငံတကာစက်မှူကုန်စည်ပြပွဲအခမ်းအနားကိုအောက်တိုဘာလ 28
ရက်မှ 30 ရက်နေ့အထိနံနက် 10း 00 မှညနေ 5 နာရီအထိဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, October 29, 2016
Myanmar's No.1 Bus & Truck Exhibition ပြပွဲကျင်းပခြင်း။28.10.2016
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment