Saturday, October 22, 2016

KBZ Bank မှအကြွေးဝယ်ကဒ်များစတင်မိတ်ဆက်ခြင်း။22.102016

ကမ္ဘောဇဘဏ်လီမိတက်မှ KBZ bank ၏ Union Pay အကြွေးဝယ်ကဒ်များကိုသုံးစွဲသူပြည်သူများအားစတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။အကြွေးဝယ်ကဒ်များသည် Union Pay International= UPI )ငွေပေးချေမှူကွန်ယက်အောက်တွင်ရှိပြီ Classic ကဒ်နှင့်Platinum ကဒ်ဟူ၍ပုံစံနှစ်မျိုးဖြင့်ထုတ်လုပ်ထားသည်။ကဒ်သုံးစွဲသူများသည်အဆိုပါအကြွေးဝယ်ကဒ်များနှင့်ကုန်ပစ္စည်းများ။ဝန်ဆောင်မှူများအတွက်ငွေပေးချေနိုင်မည့်အပြင်ငွေသားထုတ်ယူမှူများကိုလည်းကဒ်သုံးစွဲသူတစ်ဦးချင်းစီ၏ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ကန့်သတ်ချက်တစ်ခုအနေဖြင့်ဆောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါအကြွေးဝယ်ကဒ်များသည် Smart Chip စနစ်ဖြင့်တည်ဆောက်ထားပြီကဒ်လုံခြုံရေးအတွက်ပင့်ဒ်ကုဒ်နံပါတ်ပါဝင်သည်။ထို့အပြင်မြန်မာနိုင်ငံအနှံ့အပြားရှိ ATM စက်များအားလုံးနှင့်ကမ္ဘာတစ်ဝှမ်းလုံးရှိ UPI ကွန်ယက်အောက်တွင်ရှိသော ATM စက်များအားလုံးတွင်ငွေထုတ်ယူခြင်းပြုလုပ်နိုင်သကဲ့သို့အွန်လိုင်းမှငွေပေးချေခြင်များအတွက်လည်းအသုံးပြုနိုင်မည်ဖြစ်သည်။အကြွေးဝယ်ကဒ်အသုံးပြုရာတွင်အခြေခံငွေကြေးစနစ်မှာကျပ်ငွေဖြစ်သည့်အတွက်ကမ္ဘာဇဘဏ်၏အကြွေးဝယ်ကဒ်ကိုင်ဆောင်ထားသူမြန်မာခရီသွားပြည်သူများအနေဖြင့်နိုင်ငံတကာမှစတိုးဆိုင်များတွင်ငွေထုတ်ယူခြင်း။ငွေပေးချေခြင်းများကိုအဆိုပါနိုင်ငံများမှငွေကြေးလဲလှယ်နှုန်းထားအလိုက်အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်သည်။အကြွေးဝယ်ကဒ်ဖြင့်ကြိုတင်အသုံးပြုထားသောငွေများကိုလွယ်ကူစွာပြန်လည်ပေးဆပ်ရန်အတွက်ကမ္ဘောဇဘဏ်ကအကြွေးဝယ်ကဒ်သုံးစွဲသူများ၏မူလဘဏ်အကောင့်ထဲမှပင်ဝယ်ယူထားသောပစ္စည်းများ၏ငွေကြေးတန်ဖိုးများကိုပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။၎င်းတို့၏ကြွေးမြီများကိုဘဏ်အကောင့်ထဲသို့လစဉ်ပုံမှန်ပြန်လည်ပေးဆပ်ခြင်းဖြင့်ထည့်သွင်းပေးသွားရမည့်ပုံစုံဖြစ်သည်။ကဒ်သုံးစွဲလိုသူသည်တိုက်ရိုက်အကြွေးယူခွင့်လျှောက်ထားပါကပေးဆောင်ရမည့်အကြွေးပမာဏကိုအထက်ပါကဲ့သို့ကမ္ဘောဇဘဏ်၏မိမိအကောင့်ထဲမှအလိုအလျှောက်လစဉ်ပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။ထို့အပြင်ကဒ်သုံးစွဲသူများသည်နိုင်ငံတစ်ဝှမ်းရှိကမ္ဘောဇဘဏ်ခွဲများတွင်ထိုနည်းစနစ်ဖြင့်မိမိဘဏ်အကောင့်မှဖြစ်စေ။ငွေသားလက်ငင်းပေးချေ၍ဖြစ်စေအကြွေးငွေများပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။Union Pay Intermational( UPI ) သည်Union Pay၏ကွန်ယက်အောက်ရှိတကမ္ဘာလုံးဆိုင်ရာငွေပေးချေမှူလုပ်ငန်းတိုးတက်ကြီးထွားလာစေရေးကိုကမ္ဘောဇဘဏ်မှအလေးထားဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။Union Pay ကွန်ယက်ကိုနိုင်ငံပေါင်း 160 ကျော်တွင်လက်ခံအသုံးပြုပြီး 35 သန်းသောအရောင်းဆိုင်များ၌ 2 သန်းကျော်သော ATM စက်များတွင်အသုံးပြုနေပြီဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS