YKK HOLDING ASIA PTE LTD.( YHA )နှင့် YKK ( THAILAND )'Co,Ltd.Real Madrid ဖောင်ဒေးရှင်းတို့နှင့်ပူးပေါင်း၍မြန်မာကလေးငယ်များအားစပိန်ဘောလုံးကစားနည်းအတွေ့အကြုံများကိုသင်တန်းပေးပို့ချမျှဝေသွားမည့်အကြောင်းစာနယ်ဇင်းရှင်းလင်းပွဲကိုကမ္ဘောအေးဘုရားလမ်းရန်ကင်းမြို့နယ်ရှိ Sedona Hotel Grand Ballroom ၌ 4.11 2016 နေ့နံနက် 93း0 တွင်ကျင်းပပြုလုပ်ရာ 2016 YKK AkFC Yangon နှင့်ပါတ်သက်၍အဖွင့်ကြိုဆိုနှတ်ခွန်းဆက်အမှာစကားက်ုMs.Nilar Aung( YKK - Thailand .co,LTD ) Yangon Branch မှပြောကြားပြီ Mr. Takashi Kozawa ( YKK- Thailand )နှင့် Mr. Andres Muntaner ( Area Manager ) Real Madrid Foundation Clinics and School တို့မှYKK မှReal Madrid ဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍အနာဂတ်တွင်ထွန်းတောက်လာမည့်လူငယ်များ၏အကျိုးကိုရှေ့ရှု၍အဆိုပါစပိန်ဘောလုံးကစားနည်းကိုဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်းသိရသည်။YKK - AKFC သည်အကျိုးသက်ရောက်မှူရှိသောစပိန်ဘောလုံးကစားနည်းမျိုးကိုအာရှတခွင့်ရှိလူမှူနယ်ပယ်အသီးသီးမှကလေးလူငယ်များအားသင်ကြားပို့ချပေးနိုင်ရန်ရည်ရွယ်၍ 2007 ခုနှစ်ကတည်းကစတင်အကောင်အထည်ဖေါ်လုပ်ဆောင်လာခဲ့ရာယခုအချိန်တွင်ဘင်္ဂလာဒေ့ရှ်။ကမ္ဘောဒီယား။အိန္ဒိယ။အင်ဒိုနီးရှား။မလေ့ရှားဖိလစ်ပိုင်။စင်ကာပူ။တောင်ကိုရီးယား။သိရိလကာၤ။ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများတွင်အဆင့်မြင့်ဘောလုံးသင်တန်းများ( Football Clinics )ကိုသင်တန်းများဖွင့်လှစ်ပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။YKK AKFC ဘောလုံးကစားပွဲများကိုတစ်နှစ်လျှင် 2 ကြိမ်ပြုလုပ်ကျင်းပပေးခဲ့ပြီလူအဖွဲ့အစည်းတစ်ရပ်လုံးအတွက်တန်ထားထားလုပ်ထားတဲ့ပရိုဂရမ်တစ်ရပ်လည်းဖြစ်ကြောင်းနှင့်လူငယ်လူရွယ်များဘောလုံးကစားနည်းကိုစိတ်ပါဝင်စားနှစ်သက်သဘောကျစေရန်ရည်ရွယ်ပြီကျင်းပပြုလုပ်ပေးတာဖြစ်ကြောင်း YHA ၏ ဥက္ကဌ တဦးဖြစ်သူ Mr.Kosuke Miimi ကရှင်းလင်ပြောကြားခဲ့သည်။အဆိုပါ ၃ ရက်တာသင်တန်း( Cilnic ) ကိုနိုဝင်ဘာလ 4 ရက်မှ 6 ရက်နေ့အထိကျင်းပပြုလုပ်ပေးခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Friday, November 11, 2016
Monday, November 7, 2016
Ayeyarwady Bank နှင့် Myanmar Imperial College တို့ပညာရေးချေးငွေအစီအစဉ်အတွက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်း။4.11.2016
ဧရာဝတီဘဏ်နှင့် Myanmar Imperial College တို့ပညာရေးချေးငွေအစီအစဉ်အတွက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားကို4.11.2016 ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့ရှိဧရာဝတီဘဏ်ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအစီအစဉ်ကိုပြည်တွင်းပြည်ပရှိဘွဲ့နှင့်ဘွဲ့လွန်သင်တန်းများတွင်ပညာသင်ကြားလိုသူများအတွက်လုပ်ဆောင်ပေးခြင်ဖြစ်ပြီးလစဉ်ပုံမှန်အရစ်ကျပေးချေစနစ်ဖြင့်မိမိသင်ကြားလိုသည့်ဘာသာရပ်များကိုတက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ဧရာဝတီဘဏ်၏ Education Loan ကိုရယူမည်ဆိုပါကသင်တန်းကြေး၏ 80 ရာခိုင်နှူန်းအထိချေးယူပြီအတိုးနှူန်းမှာတစ်နှစ်လျှင် 13 ရာခိုင်နှုန်းဖြင့်ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာအချိန်ကာလအများဆုံး 5 နှစ်ရရှိမည်ဖြစ်ကြောင်းသိရသည်။ယခုလို AYA Education Loan ၏ငွေချေပေးတဲ့အစီအစဉ်ကြောင့်အဆင့်မြှင့်ပညာရပ်များကိုဆက်လက်သင်ကြားလိုတဲ့ကျောင်းသား/ကျောင်းသူတွေအနေနဲ့အရည်အသွေးပြည့်မီတဲ့နိုင်ငံတကာအဆင့်မြင့်ပညာရပ်တွေကိုသင်ယူဖို့အခွင့်အလမ်းကောင်းတွေကိုပိုမိုရရှိလာနိုင်မှာဖြစ်ပြီဧရာဝတီဘဏ်နဲ့သဘောတူလက်မှတ်ရေးထိုးထားတဲ့ Strategy Firs Institiute( STI )နဲ့ Myanmar Imperial College(MIC )ဆိုတာကနိုင်ငံတကာအသိအမှတ်ပြုဘွဲ့နဲ့ဘွဲ့လွန်သင်တန်းတွေကိုသင်းကြားပေးနေတဲ့ကျောင်းတွေဖြစ်ကြောင်းနှင့်ဆက်လက်ပြီတော့လည်းနောက်ထပ်ကျောင်းနှစ်ခုဖြင့်သဘောတူလက်မှတ်ရေးထိုးသွားမည့်အစီအစဉ်ရှကြောင်းဧရာဝတီဘဏ်မှ Retail Banking Director တဦးဖြစ်သူဦးသူရမောင်ကပြောကြားပါသည်။ AYA Education Loan အစီအစဉ်ကိုလျှောက်ထားမည်ဆိုပါကအသက် 18 နှစ်နှင့်အထက်ကိုယ်ပိုင်ဝင်ငွေရှိသူများနှင့်အသက် 18 နှစ်အောက်(သို့မဟုတ် )ဝင်ငွေသတ်မှတ်ချက်မပြည့်မှီပါကမိသားစုဝင်ငွေတဦး၏ဝင်ငွေနှင့်အတူပူးတွဲလျှောက်ထားနိုင်ကြောင်းသိရသည်။အဆိုပါချေးငွေလျှောက်ထားမှူအတွက်အချိန်လေးရက်တာကြာမြင့်ဖြစ်ပြီးချေးငွေအတည်ပြုချက်ရရှိပါကပညာသင်ကြားစရိတ်ကနဦးပေးသွင်းငွေ 20% ပေးချေ၍သက်ဆိုင်ရာဘာသာရပ်များကိုတက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ဧရာဝတီဘဏ်အနေဖြင့် STI ။ MIC တို့ဖြင့်သဘောတူလက်မှတ်ရေးထိုးထားပြီဆက်လက်၍သဘောတူလက်မှတ်ရေးထိုးရန်ကျောင်းနှစ်ကျောင်းကျန်ရှိနေပြီး၎င်းကျောင်းများနှင့်လက်မှတ်ရေးထိုးပြီပါကအဆိုပါကျောင်များ၌ပညာဆက်လက်သင်ကြားလိုသောကျောင်းသားကျောင်းသူများအနေဖြင့် AYA Education Loan ကိုအချက်အလက်ပြည့်စုံစွာဖြင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Friday, November 4, 2016
Midea Product Promotions ပွဲအခမ်းအနားကျင်ပခြင်း။4.11.2016
ရန်ကုန်မြို့-စက်မှူ1 လမ်းမ မြန်မာပလာဇာရှိပရိုမိုးရှင်းဧရီယာ၌Midea Product Promation အစီအစဉ်အားကျင်းပပြလုပ်လျှက်ရှိကြောင်းသိရှိရပါသည်။Media ၏အိမ်သုံးလျှပ်စစ်ပစ္စည်းများအား 5% မှ 70% အထိအထူးလျှော့်ဈေးများဖြင့်ရောင်းချပေးမည်ဖြစ်ပါသောကြောင့် Media လျှပ်စစ်ပစ္စည်းများကိုအစဉ်အမြဲအားပေးလျှက်ရှိသောပြည်သူများအတွက်အထူးအစီအစဉ်တရပ်အနေနှင့်Nov.( 4.5.6 ).2016 နေ့များအတွင်း 3ရက်တိုင်တိုင်ရေင်းချပေးမည့်အတွက်ကြောင်ြ့မန်မာပလာဇာသို့လာရောက်ကြည့်ရှူဝယ်ယူအားပေးနိုင်ပါကြောင်းသတင်းကောင်းပါးအပ်သည်။Myint Khaing.MANM.3329
Monday, October 31, 2016
ဂမုန်းပွင့်( စံရိပ်ငြိမ် ) ကုန်တိုက်ဖွင့်လှစ်ပွဲအခမ်းအနား။Yangon.October.30.2016
ဂမုန်းပွင့်ကုမ္မ္မဏီ၏( 21 )နှစ်မြောက်နှစ်ပတ်လည်ဂမုန်းပွင့်(စံရိမ်ငြိမ်)ကုန်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို30.10.2016 ယနေ့နံနက် 10း 35 နာရီနံနက်ပိုင်းတွင်စံရိမ်မှတ်တိုင်အနီးရှိအဆိုပါအဆောက်အအုံ၌ဖွင့်လှစ်ပွဲကိုကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်တိုင်ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ။ဋ္ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များ။စီးပွာရေးလုပ်ငန်းရှင်းများနှင့်အထူးဖိတ်ကြားထားသူများတက်ရောက်ကြသည်။အဆိုပါအခမ်းအနားတွင်ကုန်တိုက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ရန်ကုန်တိုင်းဒေသကြီးအတွက်လိုအပ်သည့်နေရာများဖြစ်သည့်ပညာရေး။လူမှူရေးလုပ်ငန်းတွင်အသုံးပြုနိုင်ရန်ငွေကျပ် 1000 ကိုဂမုန်းပွင့်ကုမ္မဏီဥက္ကဌဦးနေလင်းဦးကပေးအပ်လှူဒါန်းရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ံခံရယူသည်။ထို့နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း။ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေဝန်ကြီးရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး။ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်နှင့်တာဝန်ရှိပုဂ္ဂိုလ်တို့ကဂမုန်းပွင့်( စံရပ်ငြိမ် ) ကုန်တိုက်အဆောက်အအုံသစ်ကြီးကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီဝန်ကြီးချုပ်နှင့်အထူးဧည့်သည်တော်များကအရောင်းပြခန်းဆိုင်ခန်းများကိုလှည့်လည်ကြည့်ရှူခဲ့ကြသည်။ဂမုန်းပွင့်( စံရိပ်ငြိမ် )ကုန်တိုက်သစ်ကြီးသည်အထိပ်ပေါင်း 5 ထပ်တည်ရှိပြီမြေညီထပ်တွင်ကားအစီးရေ 200 ခန့်ရပ်နားနိုင်သော Car Parking နှင့်စားသောက်ဆိုင်ခန်းများပါရှိသည်။ပထမထပ်၌ဂမုန်းပွင့် Department Store ဆိုင်အပါအဝင်စားသောက်ဆိုင်ခန်းများ။အလှကုန်ဆိုင်များ။နာရီဆိုင်များ။ယူနိုက်တက်ဗွီးရှင်းမျက်မှန်ဆိုင်။အဝတ်အထည်ဆိုင်များ။ဒုတိယထပ်၌စိန်မင်းသမီးလက်ဝတ်ရတနာဆိုင်နှင့်တန်ဖိုးကြီးနာရီဆိုင်များ။အမျိုးသား။အမျိုးသမီးအဝတ်အထည်ဆိုင်များ။တတိယထပ်၌တယ်လီဖုန်းဟန်းဆက်ဆိုင်များ။လျှပ်စစ်ပစ္စည်းဆိုင်များနှင့် Beauty Saloonဆိုင်များစတုတ္ထထပ်၌မင်္ဂလာရုပ်ရှင်ရုံ။စားသောက်ဆိုင်ခန်များ။Spa ဆိုင်များနှင့်ကလေးကစာကွင်းတို့ဖွင့်လှစ်ထားရှိပြီပဉ္စမထပ်တွင်ရုံးခန်းများပါဝင်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, October 29, 2016
Myanmar's No.1 Bus & Truck Exhibition ပြပွဲကျင်းပခြင်း။28.10.2016
မြန်မာ့အကောင်းဆုံးယာဉ်အပိုပစ္စည်းများနှင့်ဝန်ဆောင်လုပ်ငန်းဆိုင်ရာနိုင်ငံတကာစက်မှူကုန်စည်ပြပွဲအခမ်းအနားကိုရန်ကုန်မြို့-ဒဂုံမြို့နယ်-ရှင်စောပုလမ်းရှိMyanmar Event Park ၌28.10.2016 နေ့နံနက် 9း 30 နာရီတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများကအဆိုပါအခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီပြပွဲအတွင်းခင်းကျင်းပြသထားသောယာဉ်အပိုပစ္စည်းပြခန်းများအားဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသောဧည့်သည်တော်များကလှည့်လည်ကြည့်ရှူအားပေးကြကြောင်းသိရသည်။အဆိုပါနိုင်ငံတကာစက်မှူကုန်စည်ပြပွဲတွင် တရုတ်။တောင်ကိုရီးယား။မလေးရှား။တရုတ်( တိုင်ပေ )။စင်ကာပူ။ထိုင်းနိုင်ငံအစရှိသည့်နိုင်ငံပေါင်း 18 နိုင်ငံမှပြခန်းပေါင်း 250 ကျော်ပါဝင်ပြသလျှက်ရှိပြီမော်တော်ယာဉ်ကြီးများ။ဘတ်စ်ကား။ကုန်တင်ယာဉ်ကြီးများ။ယာဉ်နှင့်ပါတ်သက်သည့်အပိုပစ္စည်းများ။တောလမ်းခရီးကြမ်းသုံးမော်တော်ယာဉ်များ။ကားဘီးတာယာအမျိုးမျိုး။ဘရိတ်ဆီ။စက်ဆီ။ချောဆီ။မော်တော်ယာဉ်အစိတ်အပိုင်းများ။အဲယားကွန်းအစိတ်အပိုင်းများမော်တော်ယာဉ်အတွင်းတပ်ဆင်သောမီးသီးများ။မော်တော်ယာဉ်အလှဆင်ပစ္စည်းများကိုပြပွဲအတွင်းခင်းကျင်းပြသထားကြောင်းသိရသည်။ယာဉ်အပိုပစ္စည်းများနှင့်ခရီးသွားမော်တော်ယာဉ်ဝန်ဆောင်မှူလုပ်ငန်းဆိုင်ရာနိုင်ငံတကာစက်မှူကုန်စည်ပြပွဲအခမ်းအနားကိုအောက်တိုဘာလ 28
ရက်မှ 30 ရက်နေ့အထိနံနက် 10း 00 မှညနေ 5 နာရီအထိဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Sunday, October 23, 2016
Zeekwat Mobile Applicationနှင့်မိတ်ဆက်ခြင်း2310.2016
Moe Yan Zeekwat Technology Company Limted ၏ Zeekwat Mobile Application နှင့်မိတ်ဆက်ခြင်းအခမ်းအနားကို23.102016.နေ့နံနက်11း00 တွင်ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမကြီးရှိ Meliar Hotel ကျင်းပပြုလုပ်ခဲ့သည်။Comelot Ltd.၏ CEO Mr.Tarkarharshi နှင့် Star Moeyan Group of Company ၏ CEO Daw TinTin Myint တို့၏အကျိုးတူနှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်းကိုလည်ယင်းနေ့၌တဆက်တည်းကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ Application နှင့်ပါတ်သက်၍CEO - Daw Tin Tin Myint မှရှင်းလင်းပြောကြားခဲ့ပါသည်။စာနယ်ဇင်းများမှသိလိုသည်များကိုမေးမြန်းခဲ့ကြသည်။မြန်မာပလာဇာ၏ပရိုမိုးရှင်းဧရီယာတွင်သရုပ်ပြဖျော်ဖြေခြင်းကိုလည်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, October 22, 2016
KBZ Bank မှအကြွေးဝယ်ကဒ်များစတင်မိတ်ဆက်ခြင်း။22.102016
ကမ္ဘောဇဘဏ်လီမိတက်မှ KBZ bank ၏ Union Pay အကြွေးဝယ်ကဒ်များကိုသုံးစွဲသူပြည်သူများအားစတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။အကြွေးဝယ်ကဒ်များသည် Union Pay International= UPI )ငွေပေးချေမှူကွန်ယက်အောက်တွင်ရှိပြီ Classic ကဒ်နှင့်Platinum ကဒ်ဟူ၍ပုံစံနှစ်မျိုးဖြင့်ထုတ်လုပ်ထားသည်။ကဒ်သုံးစွဲသူများသည်အဆိုပါအကြွေးဝယ်ကဒ်များနှင့်ကုန်ပစ္စည်းများ။ဝန်ဆောင်မှူများအတွက်ငွေပေးချေနိုင်မည့်အပြင်ငွေသားထုတ်ယူမှူများကိုလည်းကဒ်သုံးစွဲသူတစ်ဦးချင်းစီ၏ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ကန့်သတ်ချက်တစ်ခုအနေဖြင့်ဆောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါအကြွေးဝယ်ကဒ်များသည် Smart Chip စနစ်ဖြင့်တည်ဆောက်ထားပြီကဒ်လုံခြုံရေးအတွက်ပင့်ဒ်ကုဒ်နံပါတ်ပါဝင်သည်။ထို့အပြင်မြန်မာနိုင်ငံအနှံ့အပြားရှိ ATM စက်များအားလုံးနှင့်ကမ္ဘာတစ်ဝှမ်းလုံးရှိ UPI ကွန်ယက်အောက်တွင်ရှိသော ATM စက်များအားလုံးတွင်ငွေထုတ်ယူခြင်းပြုလုပ်နိုင်သကဲ့သို့အွန်လိုင်းမှငွေပေးချေခြင်များအတွက်လည်းအသုံးပြုနိုင်မည်ဖြစ်သည်။အကြွေးဝယ်ကဒ်အသုံးပြုရာတွင်အခြေခံငွေကြေးစနစ်မှာကျပ်ငွေဖြစ်သည့်အတွက်ကမ္ဘာဇဘဏ်၏အကြွေးဝယ်ကဒ်ကိုင်ဆောင်ထားသူမြန်မာခရီသွားပြည်သူများအနေဖြင့်နိုင်ငံတကာမှစတိုးဆိုင်များတွင်ငွေထုတ်ယူခြင်း။ငွေပေးချေခြင်းများကိုအဆိုပါနိုင်ငံများမှငွေကြေးလဲလှယ်နှုန်းထားအလိုက်အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်သည်။အကြွေးဝယ်ကဒ်ဖြင့်ကြိုတင်အသုံးပြုထားသောငွေများကိုလွယ်ကူစွာပြန်လည်ပေးဆပ်ရန်အတွက်ကမ္ဘောဇဘဏ်ကအကြွေးဝယ်ကဒ်သုံးစွဲသူများ၏မူလဘဏ်အကောင့်ထဲမှပင်ဝယ်ယူထားသောပစ္စည်းများ၏ငွေကြေးတန်ဖိုးများကိုပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။၎င်းတို့၏ကြွေးမြီများကိုဘဏ်အကောင့်ထဲသို့လစဉ်ပုံမှန်ပြန်လည်ပေးဆပ်ခြင်းဖြင့်ထည့်သွင်းပေးသွားရမည့်ပုံစုံဖြစ်သည်။ကဒ်သုံးစွဲလိုသူသည်တိုက်ရိုက်အကြွေးယူခွင့်လျှောက်ထားပါကပေးဆောင်ရမည့်အကြွေးပမာဏကိုအထက်ပါကဲ့သို့ကမ္ဘောဇဘဏ်၏မိမိအကောင့်ထဲမှအလိုအလျှောက်လစဉ်ပြန်လည်နုတ်ယူသွားမည်ဖြစ်သည်။ထို့အပြင်ကဒ်သုံးစွဲသူများသည်နိုင်ငံတစ်ဝှမ်းရှိကမ္ဘောဇဘဏ်ခွဲများတွင်ထိုနည်းစနစ်ဖြင့်မိမိဘဏ်အကောင့်မှဖြစ်စေ။ငွေသားလက်ငင်းပေးချေ၍ဖြစ်စေအကြွေးငွေများပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။Union Pay Intermational( UPI ) သည်Union Pay၏ကွန်ယက်အောက်ရှိတကမ္ဘာလုံးဆိုင်ရာငွေပေးချေမှူလုပ်ငန်းတိုးတက်ကြီးထွားလာစေရေးကိုကမ္ဘောဇဘဏ်မှအလေးထားဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။Union Pay ကွန်ယက်ကိုနိုင်ငံပေါင်း 160 ကျော်တွင်လက်ခံအသုံးပြုပြီး 35 သန်းသောအရောင်းဆိုင်များ၌ 2 သန်းကျော်သော ATM စက်များတွင်အသုံးပြုနေပြီဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...