Monday, October 2, 2017

SUZUKI & MAB. Smart Auto Finance.သတင်းစာရှင်းလင်းပွဲ။25.9.2017

ှရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ Sedona Hotel ( Grand Ballroom ) ၌ 25.9.2017 နေ့နံနက် 10း 40 တွင်ကျင်းပပြုလုပ်ရာ Mr.Sugiyama San( President of SMM ) မှအဖွင့်အမှာစကားပြောကြားပါသည်။ MAB Bank မှ U Myo Min( Manaing Director ) မှ Suzuki ( Myanmar )နှင့်ပူးပေါင်း၍ကားဝယ်ယူလိုသူများအနေဖြင့်အလွယ်တကူဆူဇူးကီးကားပိုင်ရှင်ဖြစ်လာစေရန်ရည်ရွယ်ပြီး" Smart Auto Finance " အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်စေရန်မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်တရားဝင်ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းစာနယ်ဇင်းသတင်းမီဒီယာများသို့ရှင်းးလင်းတင်ပြရခြင်းဖြစ်ပါသည်ဟုပြောကြားပါသည်မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်အတူတကွပူးပေါင်းဆောင်ရွက်သည့် " Smart Auto Finance " အစီအစဉ်တွင်ကားဝယ်ယူသူသည်မြန်မာ့ရှေ့ဆောင်ဘဏ်မှသတ်မှတ်ထားသောအချက်အလက်များနှင့်ကိုက်ညီပါကအဓိကစွမ်းဆောင်ချက်များအနေဖြင့်( 1 ).အာမခံပေးမည့်သူကိုမဖြစ်မနေတင်ပြရန်မလိုအပ်ခြင်း။( 2 ) ဝန်ဆောင်ခနှင့်ကားဝယ်ယူသူအရောင်းကော်မရှင်ခပေးမလိုတော့ခြင်း။(3 )ဝန်ဆောင်ခနှင့်အရောင်းကော်မရှင်ခကို Suzuki ကုမ္မဏီနှင့်ကားအရောင်းကိုယ်စားလှယ်များမှမြန်မာ့ရှေ့ဆောင်ဘဏ်သို့ပေးချေသွားမည်ဖြစ်သည်။( 4 ) လက်ငင်းငွေပေးချေမှူကို 25% ပေးချေရုံဖြင့်စတင်ဝယ်ယူနိုင်ခြင်းနှင့်အရစ်ကျငွေပေးချေမှူကာလအတွက်အများဆုံး 5 နှစ်တာကာလအထိပေးချေခွင့်ပေးထားခြင်းစသောဝန်ဆောင်မှူအားသာချက်များဖြင့်ကူညီပံပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။Suzuki သည်နိုင်ငံတစ်ဝန်းအရောင်းပြခန်း( 21 )ခုနှင့်ထုတ်လုပ်မှူမြန်ဆန်၍အရည်အသွေးကောင်းမွန်သောကားဝန်ဆောင်မှူများပေးနိုင်ရန်ဝန်ထမ်းများကိုအထူးသင်တန်းများပေးထားပြီဆားဗစ်စင်တာများနှင့်အတူအရောင်းကိုယ်စားလှယ်ကွန်ယက်ကိုအစဉ်မပြတ်တိုးတက်အောင်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။Suzuki သည်ဝယ်ယူသူများရေရှည်ကုန်ကျစရိတ်သက်သာစေရန်ဈေးကွက်အဆင့်မှီစစ်မှန်သောအရည်အသွေးမြင့်ကားအပိုပစ္စည်းများနှင့်ကားပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်များကိုလည်းထပ်မံတိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီးအသေးစိတ်အချက်အလက်များကို" Suzuki Myanmar Motor Co.Ltd. Facebook page ( httpsး // www.facebook.com /  suzukimyanmarmotorcoltd. ) တွင်လေ့လာကြည့်နိုင်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS