ရန်ကုန်မြို့ကမ်းနားလမ်းရှိဗိုလ်တထောင်ဆိပ်ကမ်းတွင် Yangon Water Bus သဘောင်္ခရီးစဉ်ရေကြောင်းလိုင်းဖွင့်ပွဲအခမ်းအနားကိုယနေ့ 6.10.2017 နေ့နံနက် 9း 35 နာရီ၌ကျင်းပပြုလုပ်ရာပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းစင်မောင်။ရန်ကုန်တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်-စက်မှူနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တင့်တင့်မြန်မာကုမ္မဏီမှဥက္ကဌဖြစ်သူဒေါ်တင့်တင့်လွင်နှင့်တာဝန်ရှိပုဂ္ဂိုလ်တို့က Yangon Water Bus ရန်ကုန်ရေကြောင်းဘတ်စ်ပြေးဆွဲခြင်းအခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။ရန်ကုန်တိုင်းဒေသကြီးအဖွဲ၏ဦးဆောင်လမ်းညွှန်မှူဖြင့်( 7.10.2017 ).နေ့နံနက်ပိုင်းမှစတင်၍ရန်ုကုန်မြို့ဗိုလ်တထောင်ဆိပ်ကမ်းနှင့်အင်းစိန်ခုံကျော်တံတားအနီးဆိပ်ကမ်းအထိပထမဦးဆုံးစတင်ပြေးဆွဲပေးမည့် Yangon Water Bus ခရီးစ/ဆုံးလမ်းကြောင်းတကြောင်းတွင်ငွေကျပ် 300 နှုန်းဖြင့်ဝန်ဆောင်ပေးသွားမည်ဖြစ်ကြောင်းယနေ့( 6.10.2017 )နေ့နံနက်ပိုင်းတွင်ဗိုလ်တထောင်ဆိပ်ကမ်း၌ကျင်းပပြုလုပ်သော Yangon Water Bus ရေယာဉ်ခရီးစဉ်ဖွင့်ပွဲအခမ်းအနားတွင်တင့်တင့်မြန်မာအုပ်စုကုမ္မဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်ရှင်းလင်းပြောကြားပါသည်။ယခုလောလောဆယ်၌Water Bus ပြေးဆွဲမှူကိုရေယာဉ်( 13 )စင်းဖြင့်စတင်ပြေးဆွဲပေးသွာမည်ဖြစ်ပြီးခရီးသည်( 230 )စီးနင်းနိုင်သောရေယာဉ်က ( 3 )စင်း ။ ခရီးသည် ( 60 )စီးနင်းနိုင်သောရေယာဉ်က( 3 )စင်း ။ခရီးသည်( 120 )စီးနင်းလိုက်ပါနိုင်သော Water Bus ရေယာဉ် ( 7 )စင်းဖြင့်စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့်ခရီးသည်စီးနင်းလိုက်ပါတဲ့လူဦးရေပေါ်မှာမူတည်ပြီဘယ်နေရာဘယ်မှတ်တိုင်တွေမှာဖြည့်တင်းရန်လိုအပ်ချက်တွေကိုလေ့လာသုံးသပ်ပြီး( 3 )လအတွင်းထပ်မံတိုးချဲ့ပြေးဆွဲပေးသွားဖို့ရှိကြောင်းနှင့်ခရီးသည်လုံခြုံမှူအတွက်လည်း Water Bus ရေယာဉ်တွေမှာအသက်ကယ်အင်္ကျီများဖြင့်ရေထဲတွင်နှစ်နာရီသုံးနာရီကျော်ကြာနေနိုင်သည့်ကောင်းမွန်တဲ့အသက်ကယ်အင်္ကျီတွေကိုစီစဉ်ပေးထားပြီကလေးအသက်ကယ်အင်္ကျီများ။ဘောကွင်းများ။အရေးပေါ်အသက်ကယ်လှေတွေပါစီစဉ်ပေးပြီ Control Center မှတဆင့်တိုက်ရိုက်ကြည့်ရူနိုင်တဲ့ GPS စနစ်နဲ့ CCTV ကင်မရာများ။ဆက်သွယ်ရေးစက်များကိုလည်းရေယာဉ်များတွင်ထည့်သွင်းတပ်ဆင်ပေးထာကြောင်း Yangon Water Bus ရေလမ်းကြေင်းခရီးစင်ကိုစတင်အကောင်အထည်ဖော်ပြေးဆွဲပေးမည့်တင့်တင့်မြန်မာကုမ္မဏီဥက္ကဋ္ဌမှ ဒေါ်တင့်တင့်လွင်ကရှင်းလင်းပြောကြားသွားပါတယ်။( 7.10.2017 )နေတွင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်တနေ့လုံးပြည်သူအများအားအခမဲ့စီးနင်းခွင့်ပြုခဲ့ကြောင်းနှင့် ANY PAY TICKET တွေကိုအခမဲ့ပေးအပ်ခဲ့ကြောင်းသိရသည်။ရန်ကုန်ရေကြောင်းဘတ်စ်ရေယာဉ်စတင်ပြေးဆွဲမည့်လမ်းကြောင်းခရီးစဉ်မှာဗိုလ်တထောင်ကမ်းနားလမ်းသစ်။ကြည်မြင်တိုင်။ရွှေပိတောက်။ဘုရင့်နောင်။အင်းစိန်အထိပြေးဆွဲပေးသွားမည်ဖြစ်ပြီးခရီးစဉ်တကြောင်းလျှင်ကျပ်( 300 )ဖြင့်ခရီးစဉ်စဆုံးစီးနင်းခကျပ်( 500 )ဖြင့်နံနက် 6 နာရီခွဲမှညနေ 6ခွဲအထိပြေးဆွဲပေးသွားဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment