Yangon Internationl Lifestyle Furniture Fair 2017 ပြပွဲကိုယနေ့( 18.10.2017 ).တွင်ရန်ကုန်မြို့ဦးဝီစာရလမ်း- တပ်မတော်ခန်းမ၌ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း။ရန်တိုင်းဒေသကြီးသစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ထွန်း ။ကုန်သည်စက်မှူအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ။မြန်မာ့သစ်လုပ်ငန်းအထွေထွေမန်နေဂျာ ဦးဝင်းနိုင် ။ Thousand Islands Business Group ဥက္ကဌ ဦးမင်းသိန်းနှင့် Plainum Sponsored NatRay Co,Ltd မှအုပ်ချုပ်ချုပ်မှူဒါရိုက်တာ ဒေါ်ခင်မာလာ တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။ပြပွဲသို့တက်ရောက်လာကြသောအထူးဧည့်သည်များနှင့်ဝန်ကြီးတို့အမှတ်တရဓါတ်ပုံရိုက်ကူးကြပြီပြခန်းအတွင်းသို့လှည့်လည်ကြည့်ရှူအားပေးကြပါသည်။အဆိုပါပြပွဲကို 2010 ခုနှစ်မှစတင်ကျင်းပပြုလုပ်ပေးခဲ့ပြီနာမည်ကြီးကုမ္မဏီ 40 ကျော်ကပြခန်းပေါင်း 198 ခန်းဖြင့်စည်ကားသိုက်မြိုက်စွာပါဝင်မည်ဖြစ်သည်။ပြပွဲခေတ်မီဒီဇိုင်းမျာဖြင့်ပုံဖော်ထုစစ်ပြုလုပ်ထားသည့်အိမ်သုံး။ရုံးသုံးနှင့်အိမ်တွင်းအလှဆင်ပရိဘောကပစ္စည်းများ။မင်္ဂလာခန်းဝင်ပစ္စည်းများကိုအထူးဈေးနှုန်းနှင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ Yagon International Lifestyle Furniture Fair 2017 ပြပွဲတွင်ပြသနေစဉ်ကာလအတွင်းကျပ် ( 10 )သိန်းနှင့်အထက်ဝယ်ယူသူများနှစ်ယောက်အိပ် Dunlopillo မွေ့ယာ။တယောက်အိပ် Sweety Home မွေ့ယာ။အဝတ်လျှော်စက်နှင့်ရေခဲသေတ္တာများအပြင်အခြားဆုမဲများကိုနေ့စဉ်ကံစမ်းမဲဖောက်ချီးမြှင့်ပေးသွားမည်ဖြစ်ပြီ၎င်းပြပွဲကိုရန်ကုန်မြို့တပ်မတော်ခန်းမ၌အောက်တိုဘာလ 18 ရက်မှ 22 ရက်နေ့အထိ 5 ရက်ကြာကကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment