Posts

ဗလီများဆောက်လုပ်ထားခြင်းများအား သာသနာရေးဦးစီးဋ္ဌာနနှင့် ပြည်ထဲရေးမှ ပြန်လည် စုံစမ်းစစ်ဆေးသွားတော့မည်။

Image
“ မြန်မာနိုင်ငံမှာရှိသော ဗလီများအား မည်သည့်အချိန်တွင် မည်သူ့ခွင့်ပြုချက်နှင့် မည်သူက ဆောက်လုပ်သည်ကို  သာသနာရေးဦးစီးဋ္ဌာနနှင့် ပြည်ထဲရေးမှ စုံစမ်းစစ်ဆေးသွား တော့မည်ဖြစ်ကြောင်း..... ဖျက်ဆီးခံရသော ဗလီများကိုြ ပန်လည်ဆောက်လုပ်ခွင့် ပြုသင့် မပြုသင့်ကို ဆုံးဖြတ်မည် ဖြစ်သည်....” အချို့ ကျေးရွာများတွင် ဆောက်လုပ်ထားသော ဗလီများသည် အထက်အစိုးရအုပ်ချုပ်သူလူကြီးများ မသိပဲ အောက်ခြေ  မြို့နယ်အဆင့်တွင် လက်သိတ်ထိုး လုပ်ဆောင်ပြီး ဆောက်လုပ်ထားသော ဗလီများဖြစ်သည်ကို  ယခုအချိန်အထိကရုန်းများ ဖြစ်မှ သိကြသည်။ ဘာသာရေး စာသင်ကျောင်းယောင်ယောင် တရားဆွေးနွေးရန်စုဝေးရာ  အဆောင် ယောင်ယောင် ဆောက်လုပ်ထားသော တိတ်တိတ်ပုန်းဗလီများ မြောက်မြားစွာရှိနေပြီ ဖြစ်သည်....။  ရန်ကုန်မြို့သာကေတတွင် ခွင့်ပြုချက်မယူပဲ ဆောက်လုပ်သော စာသင်ကျောင်း အယောင်ဆောင် ဗလီများ  နိုင်ငံအတွင်း မည်မျှပင် ရှိနေပြီ ဆိုတာကိုပါ ဆက်လက်ဖော်ထုတ်သင့်ပြီ ဖြစ်သည်။ ဗလီတစ်လုံး ဆောက်ပြီးသွားရင်  မည်သည့်နည်းနဲ့မှ ပြန်လည်ဖယ်မပေးချင်တာ မရိုးသားသော နယ်ချဲ့မှု တစ်ခုဖြစ်သည်။ သာကေတမှ  ...

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် တွေ့ဆုံခြင်း

Image
မိတ္ထီလာတွင်ဖြစ်ပေါ်နေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခနှင့်ပတ်သက်၍ The Voice Weekly က သီတဂူဆရာတော်ေ ဒါက်တာ အရှင်ဉာဏိဿရနှင့် ဆက်သွယ် မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။ Voice : အခု မိတ္ထီလာမှာဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခနဲ့ပတ်သက်ပြီး ဆရာတော့် အမြင်ကို မိန့်ပါဘုရား။   ဆရာတော် : ကမ္ဘာမြေကြီးပေါ်မှာ နေကြတဲ့လူတွေဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ၊ အသားအရောင်တွေ၊ ဓလေ့ထုံးစံတွေ မတူကြပေမယ့်  တူတာတွေ အများကြီးရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ ဒီလိုဘာသာကြီးလေးခု ကွဲပေမယ့် ချစ်ခြင်းမုန်းခြင်း ဆိုတဲ့အပေါ်မှာ  အားလုံးတူတယ်။ တူနေတဲ့အပေါ်မှာ အကုန်လုံးဟာ ပေါင်းနိုင်ရမယ်။ အိန္ဒိယလိုပြောရင် ဂင်္ဂါ၊ ယမုံနာ မြစ်တွေနာမည်သာ ကွဲနေတာ မြစ်ထဲမှာ  ရေပဲရှိတယ်။ ရေခြင်းတူရင် ပေါင်းလို့ရတယ်။   မြန်မာပြည်မှာလည်း မေခနဲ့မလိခ မပေါင်းနိုင်ရင် ဧရာဝတီဆိုတာ မရှိဘူး။ အဲ့ဒါကြောင့် အားလုံးသော ဘာသာဝင်တွေ အားလုံးသော  လူမျိုးစုတွေ မြန်မာဆိုတဲ့ မြေကြီးပေါ်မှာ ရေရေချင်း ရောသလို အကုန်လုံး ရောရောနှောနှောရှိကြဖို့ တိုက်တွန်းတယ်။ မေတ္တာရပ်ခံတယ်။ ...

မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်းပြောကြားချက်

Image
(အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား) == ========================== ========= (မတ်လ ၂၈ ရက်၊ နေပြည်တော်) သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လ...

JICA အရှေ့တောင်အာရှ ဌာနခွဲအကြံပေးနှင့်တွေ့ဆုံခြင်း

Image
မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်များ ကာလရှည်ထောက်ပံ့ခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်ရလာချိန်တွင် ကူညီပံ့ပိုးပေးမှုများ တိုးမြှင့်လာသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(အရှေ့တောင်အာရှ ဌာနခွဲ) မှ အကြံပေး အရာရှိ ကိုဂျီမတာကဲဘရု (Kojima Takebaru) နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ JICA ရုံးတွင် မတ်လ ၁၂ ရက်၌ တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ JICA အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေအကြောင်း ရှင်းပြပေးပါဦး။ JICA အနေနဲ့ အဓိက ဒေါက်တိုင် သုံးခုကို ကူညီပေးနေပါတယ်။ ပထမဒေါက်တိုင်ကတော့ စိုက်ပျိုးရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေးနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတွေမှာ ကူညီပံ့ပိုးပေးဖို့ပါ။ ဒုတိယဒေါက်တိုင်ကတော့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ Capacity Development နဲ့ အသင်း အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး၊ Institutional Development အတွက် အကူအညီပေးတာပါ။ အဲဒီမှာ ဥပဒေရေးဆွဲပြဋ္ဌာန်းတာ၊ ငွေကြေးကဏ္ဍအတွက် အထောက်အပံ့ပေးတာတွေ၊ အခြေခံပညာနဲ့ အဆင့်မြင့်ပညာရေးအတွက် ကူညီပံ့ပိုးပေ...

မတ်လ ၂၇ ရက်နေ့(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)

မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် (ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ) ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ ဇီးကုန်းမြို့လယ်တွင် ရှိသော အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေး တာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစု ကွဲသွားကြောင်း ဇီးကုန်းမြို့သို့ ရောက်ရှိနေသော Eleven M edia Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူများသည် ဇီးကုန်းမြို့၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ခဲ့သူ အများအပြား ပါဝင်နေပြီး မြို့ခံအချို့နှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ် (ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ) နတ္တလင်းမြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း နတ္တလင်းမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။ နတ္တလင်းမြို့၌ မီးရှို့မည် ဆိုသော သတင်းများ ထွက်ပေါ် နေသော ကြောင့် မြိ...

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ၂၇ မတ် ၂၀၁၃

Image
U Ye Htut 's facebook from U Ye' Htut's Facebook U Ye' Htut's facebook Photo - AFP Photo AFP Photo AFP Photo AFP fotomojaw The VOICE Photo AFP U Ye Htut 's facebook  ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား ခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာဆောင်ရွက်ရန်အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနှင့်အတူ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီး စုစည်းညီညွတ်သည့် ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု ကတိတည်မှုနှင့...

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အဖြစ် တိုးမြင့်တာဝန်ယူ

Image
နိုင်ငံတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဆင့်မှ ဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။ အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ (ဖက်ဆစ် တော်လှန်ရေးနေ့) အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဗိုလ်ချုပ်မှူးကြီးတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ အလားတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။  Ref : MM EXp