Posts

Showing posts from April, 2013

Image
ဥမမည် စာမမြောက်

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ China Mobile နှင့် Vodafone ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူထားမှုကို အခြားနိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်

Image
မန်ယူအသင်းအား စပွန်ဆာပေးခဲ့ဖူးသည့် Vodafone ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြချက်အရ သိရသည်။ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် တရုတ်နိုင်ငံမှ China Mobile လီမိတက်နှင့် ပူးပေါင်းကာ Vodafone Group မှ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်မည်ဖြစ်ပြီး ထိုသို့လုပ်ကိုင်ရန် အတွက်လည်း လျှောက်ထားပြီး ဖြစ်သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်ထားပြီး Vodafone အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် Operators လုပ်ငန်းအတွက် လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက်များ တည်ဆောက်သည့်လုပ်ငန်း အပါအ၀င် ဆက်သွယ်ရေး လုပ်ငန်းစုံတွင် မြှုပ်နှံလုပ်ကိုင်ရန် လျှောက်ထားခြင်း ဖြစ်သည်။ Vodafone သည် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ရန် အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဂျော့ရှ်ဆိုးရော့ ပိုင်ဆိုင်သည့် Quantan Strategic Partners၊ ဂျမေကာနိုင်ငံမှ Digicel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ FMI ကုမ္ပဏီတို့...

စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ

Image
စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း တစ်ခုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ဇန်န၀ါရီလအတွင်း သွားရောက်ခဲ့စဉ် စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။ လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။ "အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တ...

ရွှေ ကိုကို မမ သတင်းထောက်များအတွက် သတင်းကောင်းပါ ။

Image
၂၀၁၃ ၊ ၂၀၁၄ Intake အတွက် Form ပိတ်ရက်ကတော့ သိပ်မလိုတော့ပါဘူး ...  ...မေလ ၃ ရက်နေ့အထိပါ။ စိဝင်စားစရာကောင်းရောလားဗျာ ...  ဂျာမဏီနိုင်ငံ မှာ တက်ရမယ် ။ ၁၀ လ သင်တန်းဖြစ်တယ် ။ အားလုံး ကုန်ကျ စရိတ် ကတော့ ... စရိတ်ငြိမ်း ပါတဲ့ ခင်ဗျား ... စိတ်ပါဝင်စားသူ ရွှေမြန်မာ သတင်းထောက်များအတွက် သတင်းကောင်းတစ်ခု နဲ့ အခွင့်အရေး တစ်ခုပါ ခင်ဗျား ... ။   အသေးစိတ်အချက်အလက်များကို တော့ ...                         ကလစ် နှိပ်ပြီး ၀င်ကြည့်နိုင်ပါတယ်ခင်ဗျ။

သင့်ရဲ့ အသားအရေ အတွက် စိတ်ချ ယုံကြည်ရမယ့် Skin Spa လေးတစ်ခုပါ။

Image
အမှတ်(၃၂) ခ အင်းယားမြိုင်လမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့ ...  မှာ ရှိပါတယ်ဗျိုး .... !!! ၀၁ ၅၃၅ ၀၉၇ ၀၁ ၅၀၁၂၉၅ www.califonia-skinspa.com

SAMSUNG (BO AUNG KYAW) ဖွင့်ပွဲ

Image
ယနေ့ ဗိုလ်အောင်ကျော်လမ်းတွင် အသစ်ဖွင့်လှစ်သော SAMSUNG , SHOW ROOM အား MR. NAM SIK AHM နှင့် မေဖူးအောင် တို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအဖြစ် လာရောက် ကြည့်ရှု့အားပေးကြသော CUSTOMER များအား ၄၀လက်မ LED TV , 2DOOR ရေခဲသေတ္တာ ၊ အ၀တ်လျှော်စက် စသည့်ဖြင့် သိန်း (၆၀) ခန့်တန်ဖိုးရှိ ကံစမ်းမဲများအား ပြန်လည် ဖောက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဦးသန့်အထိန်းအမှတ်ပြတိုက် အကြိုဖွင့်ပွဲ

Image
  ဓာတ်ပုံ - ကောင်းသိင်္ခ ကုလသမဂ္ဂ အဖွဲ့ကြီး၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အထိမ်းအမှတ်  ပြတိုက်ဖွင့်လှစ်ပွဲကို ယနေ့ညနေ (၄း၃၀) အချိန်က ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ်  တာဝန် ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းရှိ  နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ ၆ရက်နေ့တွင်  အကြို ဖွင့်ပွဲအား ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြင့်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး

Image
Photo credit to AFP ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့အတွက် ပြုံယမ်းမြို့မှာ ရှိနေတဲ့ နိုင်ငံခြားသံရုံးတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ဖို့အတွက် စဉ်းစားကြဖို့ မြောက်ကိုရီးယားအစိုးရက တိုက်တွန်းလိုက်ပါတယ်။ ရုရှား နဲ့ ဗြိတိန်သံရုံးက ၀န်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ဖို့ မြောက် ကိုရီးယားဘက်က ပန်ကြားချက်ကို သောကြာနေ့က လက်ခံရရှိခဲ့တယ်လို့ ရုရှားနဲ့ ဗြိတိန်နိုင်ငံတို့က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သံရုံး ၀န်ထမ်းတွေကို ချက်ချင်းပြန်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။ ပြုံယမ်းမြို့တော်က အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ရှိနေတယ် လို့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ ရုရှားသံရုံးတာဝန်ရှိသူ Denis Samsonov က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ရှိတဲ့ သံရုံးတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ဧပြီလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး သူတို့ရဲ့ လုံခြုံရေးကို အာမ မခံနိုင်တော့ဘူးလို့ မြောက်ကိုရီးယားဘက်က သတိပေးခဲ့ကြောင်း ဗြိတိန်နိုင်ငံက ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်၊ အမေရိကန်အပါအ၀င် မြောက်ကိုရီးယားနိုင်ငံနဲ့ ၆ နိုင်ငံဆွေးနွေ...

မီဒီယာတွေ သတ္တိရှိဖို့လိုတယ်။

မီဒီယာတွေ သတ္တိရှိဖို့လိုတယ်။ အရင်တုန်းက သတ္တိရှိဖို့ဆိုတာ အုပ်ချုပ်သူ တွေရဲ့အကြိုက်လိုက်ပြီး မရေးတာက သတ္တိရှိမှု၊ အ ခုကျတော့ အခြားသတ္တိမျိုး လိုတယ်။ အုပ်ချုပ်သူတွေက သိပ်မ ပြောရဲတော့ဘူး။ အဲဒီအခါကျတော့ ပြောတတ်၊ ဆိုတတ်၊ ပြောရဲ၊ ဆိုရဲတဲ့သူတွေ မကြိုက်တာကို ရေးရဲဖို့ ခပ်တိုတို ပြောရမယ်ဆိုရင် အမှန်တရားဘက်က ကိုယ်မှန်တယ်ထင်တဲ့ ဘက်က ရပ်တည်ရဲတဲ့  သတ္တိ ရှိရမယ်ပေါ့။ "ဘာမဆို အာဏာပိုင်တွေ ကိုပဲ ဖိတယ်။ ဘာမဆို ရဲကိုပဲ အပြစ်ဆိုတယ် ဆိုတဲ့ အနေအထား မဟုတ်ဘဲ အခြေအနေတွေကို ဓမ္မဓိဋ္ဌာန်ကျကျ မျှမျှတတ သုံးသပ်ပြီးမှ အပြုသဘော ဆောင်တဲ့ ရေးသားချက်မျိုး ဖြစ် ဖို့ လိုတယ်" ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဧပြီလ ၁ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ “မီဒီယာများ သတ္တိရှိရန်လိုကြောင်း ဒီချုပ်ဥက္ကဋ္ဌ ပြောကြား” သတင်းမှ ကောက်နုတ်ချက် The Voice Weekly ·

အကျင့်ပျက်ဝန်ထမ်းများ ပပျောက်စေဖို့

Image
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ မမှန်မကန် ဆောင်ရွက်ပါက တိုင်ကြားရန် ဖုန်းနံပါတ်များသို့ တိုင်ကြားမှုများ ဒုတိယ လတွင် လျော့နည်းသွားကြောင်း၊ ယင်း ဖုန်းလက်ခံ ဖြေကြားသူ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ မတ်လ ၃၁ ရက်တွင် ပြောကြားသည်။ ယင်းက “ဒီဖုန်းတွေကို ဖေဖော် ဝါရီ ၁၁ ရက်က စဖွင့်ပြီး တိုင်ကြား တာတွေ လက်ခံခဲ့တာပါ။ အဲဒီလ တုန်းက တိုင်ကြားမှု ၁၁၆ ကြိမ်ရှိ ပါတယ်။ အခု မတ်လမှာတော့ ၃၇ ကြိမ်ပဲ တိုင်ကြားထားတာ ရှိပါတယ်။ အဓိက က တော့ ချဲ၊ နှစ်လုံးနဲ့ ဘောလုံးပွဲ လောင်းကစားမှုတွေ အများ ဆုံးတိုင်ပါတယ်။ တချို့က ဥပဒေကို နားမလည်လို့ တိုင်တယ်။ ရဲကလည်း ရဲလုပ်ငန်းနဲ့ လုပ်တာပဲ။ အမှုတိုင်တဲ့လူက အားမရလို့ နှေးနေတယ် ထင်လို့ တိုင်တာတွေ လည်း ရှိတယ်။ ရဲတပ်ဖွဲ့တချို့ရဲ့ မှားယွင်းတဲ့လုပ်ရပ် တွေ၊ တိုင်တာတွေလည်း ရှိတယ်။ တချို့က လည်း တမင်တကာကို မမှန်မကန် တိုင်ကြားမှုတွေ ရှိတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ ယင်းက ဆက်လက်ပြောကြား ရာတွင် “ပထမလတုန်းကတော့ တိုင်တာများတယ်။ အခုလနည်းသွား တယ်။ အားတိုင်းလျှောက်တိုင်နေ တာမျိုး မဟုတ်တော့ဘဲ တကယ်နစ် နာတဲ့သူတွေပဲ တိုင်တာများတယ်။ ကျွန်တော် တို့က ဖြေရှင်းဆောင်ရွက် ပေးနေတာပါပဲ။ တချို့ကိစ္စတွေက ရ...

မြန်မာ ၈ ဦး သေဆုံးမှု အင်ဒိုနီးရှား အစိုးရကို ဖြေရှင်းပေးရန် တောင်းဆို

Image
ဓာတ်ပုံ - ရိုက်တာ အင်ဒိုနီးရှားနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခု၌ မြန်မာနှင့် မွတ်စလင်များ အချင်းများ တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက အင်ဒိုနီးရှား အစိုးရ တာဝန်ရှိသူများထံ အချက် ၃ ချက်ကို တောင်းမည်ဖြစ်ကြောင်း သိရသည်။ “မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊ အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်” ဟု နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဆုမတြားမြောက်ပိုင်း ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေး စခန်းတွင် အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့် ခိုးဝင်လာကြသော မွတ်စလင် ၁၀၀ ကျော်နှင့် တ...

ATM ငွေထုတ်စက်များ လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်နိုင်

Image
မြန်မာပြည်မှာ မဖြစ် သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေ မှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို  အသုံးပြုပြီး လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။ တကယ့် Pin ကုဒ်ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတု တစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက် နံပါတ်များကို မှတ်သား သွားပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ်မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။ သို့ပေမယ့် အမည်တူ၊ လျှို့ဝှက်ကုဒ် နံပါတ်အတူ ထားတတ်တဲ့ သူများ အတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ် အကောင့်မှ ငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထား တစ်ခု ဖြစ်သွားပါတယ်။ မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါ အနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံ ရဖို့ ပိုလွယ်ကူ သွားပါတယ်။ ဒီတော့ ငွေအမြောက်အများ ထည့်ထားသူများ အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင် လေ့လာနိုင်ရင် အကောင်းဆုံး ပါပဲ။ မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာ နိုင်သေးပါဘူး။ မြန်မာပြည်က စက် အတော်များများ မှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိ ရှိထားတာ အကောင်းဆုံးမို့ မျှဝေ ပေးလိုက် ရပါတယ်။ Aung Kham (TSJ ...

Pre SEA Games > Wrestling Tournament 5 to 7 April 2013

Image

REVITAL GINSENG PLUS ၏ ၂၀၁၃ အရောင်းမြှင့်တင်ရေး တွင်ပါဝင်မည့် အနုပညာရှင် ???

Image
REVITAL GINSENG PLUS အားဆေးနှင့်အတူ ၂၀၁၃ အရောင်းမြှင့်တင်ရေးပွဲများ မှာ အားဖြည့်ကူညီမည့် ... အနုပညာရှင် ...ဘယ်သူဖြစ်မလဲ ... ???