မြန်မာနိုင်ငံ၏စီပွားရေးဈေးကွက်ကိုဦးတည်လျှက် " Huawei ၏မိတ်ဖက်လုပ်ငန်းဆိုင်ရာထိပ်သီးအစည်းအဝေး " ( Huawei Partner Summit )ပွဲကိုစက်တင်ဘာလ 29.9.2016 နေ့က Sule Shangri - La ဟိုတယ်၌ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံ၏ပထမဦးဆုံးသောအိုင်တီပစ္စည်းဖြန့်ချီရေးကုမ္မ္မဏီအဖြစ်KMD ကိုရွေးချယ်ခန့်အပ်ခြင်းဖြစ်ပြီHuawei သည်၎င်း၏အိုင်စီတီထုတ်ကုန်များဖြန့်ချီရေးကိုယ်စားလှယ်အဖြစ်မြန်မာနိုင်ငံတွင်အဓိကထားလုပ်ဆောင်သွားစေမည်ဖြစ်ကြောင်းသိရသည်။Huawei နည်းပညာ( ရန်ကုန် )ကုမ္မဏီလီမီတက်၏အမှူဆောင်အရာရှိချုပ် Mr. Zhang Liman ကပြောကြားရာတွင်ကမ္ဘာတစ်ဝှမ်းမှာမြန်မာနိုင်ငံ၏အိုင်စီတီကဏ္ဍဟာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာလျှက်ရှိပြီဆက်သွယ်ရေးကွန်ရက်တည်ဆောက်ခြင်းလုပ်ငန်းတွေအဆင့်မြင့်မားလာတဲ့အတွက်မိုဘိုင်နည်းစနစ်ထိုးဖောက်လွှမ်းခြုံမှူ 90% ထက်ကျော်လွန်ခဲ့ပြီဆက်သွယ်ရေးသတင်းအချက်အလက်များကိုကောင်းမွန်စွာအသုံးချနိုင်လာပြီဖြစ်တဲ့အတွက်အင်တာနက်သုံးစွဲသူလူဦးရေသိသိသာသာတိုးပွားလာလျှက်ရှိသည်မှာမြန်မာနိုင်ငံအနေနဲ့ဂုဏ်ယူစရာပင်ဖြစ်သည်မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့သာမကမြန်မာနိုင်ငံအစိုးရနဲ့ပါပူးပေါင်းဆောင်ရွက်လျှက်ရှိပြီအိုင်စီတီဒစ်ဂျစ်တယ်နည်းပညာဖြင့်တိုင်းပြည်၏ဆက်သွယ်ရေးကဏ္ဍဖော်ဆောင်နိုင်ရေးကိုအတူတကွလုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားသွားပါသည်။Huawei ၏ SEA Channel Business Department မှ Mr.William Chuck ကပြောကြားရာတွင်" KMD "သည်မြန်မာနိုင်ငံရဲ့အိုင်စီတီဖြန့်ချီရေးလုပ်ငန်းများတွင်အခိုင်အမာရပ်တည်လျှက်ရှိသည့်ကုမ္မဏီကြီးတခုဖြစ်ကြောင်းနှင့်Huawei ကုမ္မဏီရဲ့အိုင်စီတီလုပ်ငန်းစဉ်များအတွက်နိုင်ငံတကာအဆင့်ဖြန့်ချီရေးကိုယ်စားလှယ်အဖြစ်သတ်မှတ်နိုင်ခြင်းအတွက်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်မြန်မာနိုင်ငံတွင်အိုင်စီတီနည်းပညာလိုအပ်ချက်တစတစကြီးမားလာပြီ" KMD "ကုမ္မဏီကြီးနှင့်ပူးပေါင်းရခြင်းဖြစ်၍ " Huawei နှင့် KMD " တို့လက်တွဲလုပ်ဆောင်ခြင်ဖြင့်မြန်မာနိုင်ငံတော်ကြီးခေတ်မှီဖွံ့ဖြိုးတိုးတက်လာစေပြီ၎င်းတို့၏အကောင်းဆုံးသောအိုင်စီတီထုတ်ကုန်ပစ္စည်းများကိုဝန်ဆောင်မှူအကောင်းဆုံးပေးနိုင်ရန်" KMD "ကုမ္မဏီကိုဖြန့်ချိရေးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်ပြောကြားသွားပါသည်။" KMD "ကုမ္မဏီ၏ဥဣဋ္ဌတဦးဖြစ်သူDaw Tin Tin Aye မှလည်း" Huawei "ကုမ္မဏီအိုင်စီတီနည်းပညာတိုးတက်မြင့်မားလာစေရန်အကျိုးတူပူပေါင်းလုပ်ဆောင်နိုင်ခြင်းဖြင့်နောင်အနာဂတ်တွင်စိတ်လှုပ်ရှားဖွယ်အခွင့်အလမ်းများပေါ်ပေါက်လာတော့မည်ဖြစ်၍ဝမ်းမြောက်ပါကြောင်းပြောကြားသွားခဲ့သည်ဟုသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment