MC Easy Micerofinance Co.LTtd ၏ကုမ္မဏီရုံးခွဲဖွင့်လှစ်ခြင်းအခမ်းအနားကိုရန်ကုန်မြို့သင်္ယန်းကျွန်းမြိုနယ်ရှိလေးထောင့်ကန်ရပ်။ဘဝမြင့်ရပ်ကွက်။တိုက်အမှတ်- 65 တွင်ကျင်းပပြုလုပ်ရာအဆောက်အအုံရုံးခွဲသစ်ဖွင့်ပွဲသို့သင်္ယန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်။သင်္ယန်းကျွန်းမြို့နယ်- ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ဇော်မိုး။BOD.Chairman-Mr.Nadir ။ MD.Mr.Frank Snider တို့မှ MC Easy Microfinance( အသေးစားငွေရေးကြေးရေးလုပ်ငန်း ) ရုံခန်းသစ်အားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။အဆိုပါရုံးချုပ်နှင့်သင်္ယန်းကျွန်းရုံးခွဲဖွင့်လှစ်ပွဲသို့အထူးဖိတ်ကြားထားသောဧည့်သည်တော်များ။ရုပ်သံမီဒီယာများ။Online မီဒီယာများ။သတင်းမီဒီယာအသီးသီးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။အဆိုပါ EASY Microfinance လုပ်ငန်းသည်အသေးစားစီးပွားရေးလုပ်ငန်းသမားများအဆင်ပြေလွယ်ကူစွာဖြင့်ရပ်တည်နိုင်စေရန်အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်းရုံးခွဲကိုဖွင့်လှစ်ပေးခြင်းဖြစ်သည်။ထိုလုပ်ငန်းမှအကူအညီကိုရယူပြီးမိမိစီးပွားရေးလုပ်ငန်းများတိုးအောင်မြင်စေရန်လွယ်ကူမြန်ဆန်သောချေးငွေများကိုရယူ၍ရင်းနှီးမြှုပ်နှံမှူပြုလုပ်နိုင်ပြီလုပ်ငန်းအဆက်မပြတ်စေရန်ဆောင်ရွက်နိုင်ပါသည်။ထိုလုပ်ငန်းမှလွယ်ကူမြန်ဆန်သောနည်းပညာဖြင့်အနည်းဆုံး ၃ရက်အတွင်းငွေထုတ်ချေးပေးခြင်း။အပေါင်းပစ္စည်း-စာရွက်စာတမ်းနှင့်မိတ္တူတစုံတရာမလိုအပ်ခြင်း။အဖွဲ့အစည်းတွင်ငွေစုစရာမလိုဘဲချေးငွေအပြည့်အဝခံစားနိုင်ခြင်း။ချေးငွေပမာဏ တစ်သိန်းကျပ်မှဆယ်သိန်းကျပ်အထိချေးယူနိုင်ပြီပထမအကြိမ်တွင်ငွေကျပ်ငါးသိန်းရရှိနိုင်ပါသည်။ချေးငွေကာလမှာ 5 လ မှ 12 လအထိသတ်မှတ်ထားပြီတလလျှင်တကြိမ်ပြန်လည်ပေးသွင်းလိုအပ်ပါကြောင်းနှင့်အတိုးနှုူန်းမှာ 2.5 % သာရှိ၍အရင်းလျော့အတိုးလျော့စနစ်ဖြစ်ကြောင်သိရသည်။အဖွဲ့ဝင်ဦးရေမှာအနည်းဆုံး 5 ဦးမှ 10 ဦးအထိရှိရန်လိုအပ်ကြောင်းသိရသည်။လိုအပ်သည့်အချက်အလက်များမှာနိုင်ငံသားစိစစ်ရေးကဒ်နှင့်အိမ်ထောင်စုဇယားပါရှိရမည်ဖြစ်ပြီကိုယ်ပိုင်စီပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်နေသူဖြစ်ရမည်။လက်ရှိနေရပ်တွင်အနည်းဆုံးတစ်နေထိုင်လျှက်ရှိသူဖြစ်ရမည်။အသက် 18 နှစ်ပြည့်ပြီ 65 နှစ်မကျော်လွန်သူဖြစ်ရမည်ဆိုသည့်အချက်မျာနှင့်ပြည့်စုံရန်လိုအပ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment