BarCamp Yangon 2017- 8 ကြိမ်မြောက်နည်းပညာနှီးနှောဖလှယ်ပွဲကိုလာမည့်နှစ်ဇန်နဝါရီလ 28 ရက်နေ့နှင့် 29 ရက်နေ့တို့တွင်ရန်ကုန်မြို့လှိုင်မြို့နယ်ရှိ MICT Park ၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါနှီးနှောဖလှယ်ပွဲကိုကျင်းပပြုလုပ်ပေးရခြင်းမှာလူငယ်များ၏အတွေးအခေါ်များအားလွတ်လပ်ပွင့်လင်းစွာဆွေးနွေးတင်ပြနိုင်ရန်။အဆင့်အတန်းလူမျိုးမခွဲခြားရန်မတူညီသောကွဲပြားမှူနှင့်အတူအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်။တီထွင်ကြံဆဖန်တီးမှုများပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့်အောင်မြင်သော IT အနာဂတ်အခွင့်အလမ်းများဖန်တီးမှူပိုမိုရရှိစေရန်ရည်ရွယ်၍၎င်းပွဲကိုပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။" BarCamp ကလူငယ်တွေအတွက်အခွင့်အလမ်းကောင်းတွေရရှိစေပြီနည်းပညာမှကဏ္ဍမှမဟုတ်ဘဲပရဟိတကွန်ယက်တွေပါဒီပွဲကချိတ်ဆက်လာနိုင်ပြီ BarCamp ပွဲအတွက်ပြခန်း 6 ခန်းပါဝင်ပြသနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။အွန်လိုင်းကတစ်ဆင့်မှတ်ပုံတင်ပြီစာရင်းပေးသွင်းနိုင်ဖို့ 2017 ခုနှစ်ဇန်နဝါရီလမှာစတင်၍စာရင်းပေးပို့နိုင်ရန်စီစဉ်ထားကြောင်း BarCamp PR-Team မှတာဝန်ရှိသူကိုဇော်ဇော်မျိုးလွင်ကရှင်းလင်းပြောကြားသည်။အဆိုပါပွဲတွင်မည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပြီးဆွေးနွေးပြောဆိုချိန် 45 မိနစ်ခွင့်ပြုပေးထားမည်ဖြစ်ကာသတ်မှတ်ချိန်ထက်ကျော်လွန်ပါကမိမိပရိတ်သတ်နှင့်ပြင်ပသင့်လျှော်ရာနေရာ၌ဆက်လက်ပြောဆိုဆွေးနွေးနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံပြည်တွင်း၌ 2010 ပြည့်နှစ်နောက်ပိုင်းတွင်နည်းပညာပိုင်းသာမကတခြားသောကဏ္ဍများဖွင့်ဖြိုးတိုးတက်စေရေးအတွက်အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီးလက်ရှိအခြေအနေတွင်အလားအလာကောင်းမွန်သော IT ဈေးကွက်တစ်ခုအဖြစ်ရပ်တည်လာနိုင်ပြီဖြစ်သည်။ BarCamp ပွဲကိုရန်ကုန်နှင့်မန္တလေးမြို့တို့အပြင်အခြားမြို့များ၌လည်းနှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment