ပဋိပက္ခ ဖြေရှင်းနည်း ၅ ခု ဒီနေ့ခေတ်မှာ စီမံခန့်ခွဲမှု ဘာသာရပ်ဟာ အရမ်းကို ခေတ်စားလာပါတယ်၊ အဲဒီထဲမှာ တစ်ခုအပါအ၀င် ဖြစ်တဲ့ Conflict Management ပဋိပက္ခ ဖြေရှင်းနည်းအကြောင်းလေးကို share လုပ်ပါရစေ၊ ဒီနေ့ခေတ် နိုင်ငံရေးအခြေအနေအရတော့ ဒါဟာ မသိမဖြစ်လို့တောင် ပြောရမှာပါပဲ။ ဒီပုံစံကို Thomas - Kilmann Style လို့ ခေါ်ပါတယ်။ Assertiveness ဆိုတဲ့ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ခြင်းနှင့် Cooperation လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ၂ခုကို ယှဉ်ပြထားပါတယ်။ ပဋိုပက္ခ တစ်ခုဖြစ်လာရင် ဖြေရှင်းနည်း ၅ ခု ရှိပါတယ် .. ( ၁ ) Competing - အင်အားသုံး၊ ဖိအားပေးဖြေရှင်းခြင်းပါ။ Forcing လို့လဲ သုံးပါတယ်။ သူနိုင်ရင်ကိုယ်ရှုံး၊ သူရှုံးရင်ကိုယ်နိုင် (win-lose situation) ပုံစံမျိုးပါ၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပေမဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လုံးဝကို မရှိနိုင်ပါဘူး။ ( ၁၉၈၈ အာဏာသိမ်းခြင်း ) ( ၂ ) Avoiding - ရှောင်ရှားခြင်းပါ၊ နှစ်ဖက်လုံး ဒါမှမဟုတ် တစ်ဖက်ဖက်က ဒီပြဿနာကို ပါဝင်ဆွေးနွေးခြင်း မပြုတော့ဘဲ လျစ်လျူရှုလိုက်ခြင်းပါ။ ဘာဆိုဘာမှ ရလဒ်ထွက်မလာနိုင်တော့တဲ့ အခြေအနေပါ။ ( ၂၀၁၀ ရွေးကောက်ပွဲမ၀င်ရန် NL...