လမ်းကြောင်းကတော့ မြန်မာပြည်အောက်ပိုင်းကိုဦးတည်ပြီး Road Map Strategy ဆွဲထားသလိုပါပဲ
ကျွန်တော်မြင်သလောက်လေးတွေချရေးကြည့်မယ် မြန်မာနိုင်ငံအကျိုးကိုလိုလားတဲ့သူတစ်ယောက်အနေနဲ့
(ဘာသာရေးရှုထောင့်နဲ့ မပြောဘူး ဒီတစ်ခါ ဖြစ်စဉ်တွေအပေါ်သုံးသပ်ကြည့်မယ် )
၁ ။ လူ ရာနဲ့ချီတဲ့အုပ်စုတွေက ရွာတွေက တက်တက်လာတယ် ဘယ်သူတွေလဲ ??? (ဘာသာကိုထည့်မပြောနဲ့ ဒီနေရာမှာ ဘာအကွက်တွေလဲဆိုတာနဲ့ ဘာပယောဂတွေလည်းဆိုတာပဲ ၀ိုင်းစဉ်းစားရအောင် )
၂ ။ ကျောထောက်နောက်ခံဘာတွေလဲ ဘာသာရေးအသွင်ဆောင်အောင် ဘယ်သူတွေကတွန်းပို့ခဲ့ကြလဲ ??
၃ ။ ၂ ဖက်စလုံးကစာမျက်နှာတွေမှာ အမုန်းတရားတွေနဲ့ နာကျည်းမှုတွေ ပြည့်နေတာ အဖက်ဖက်ကကြည့်ရင်
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နေမှုအပေါ် ဘယ်လိုပယောဂတွေ ၀င်နေတာလဲ ??
၎ ။ အလွန်တရာကြီးမားတဲ့ စစ်ပွဲကြီးလည်းအဖြစ်မခံနိုင်ပါဘူး နဂိုကတည်းကမှ မနက်စာ ညစာ ကိုယ့်ဟာကိုယ်
စီးပွားရေးအဆင်မပြေလို့ အနိုင်နိုင်ရှာစားနေရတဲ့အထဲ ကုန်ဈေးနှုန်းတွေကတက် လက်လုပ်လက်စားတွေကအလုပ်ကိုင်
ရှားပါးမှုပြဿနာတွေနဲ့ရင်ဆိုင်နေရ နိုင်ငံကအကြွေးတွေနဲ့အချိန် ကဲ တွေးကြည့် အရင် ခေတ်ဟောင်းစနစ်ဟောင်းထဲက ဆိုးမွေတွေ ???
၅ ။ လူပဲကွာ အေးအေးချမ်းချမ်းနေကြရင် ဘာရန်မီးမှ အစမပျိုးကြရင်ဘာမှမဖြစ်ပါဘူး ဘအေးကို ထွန်းလူက ရိုက် ထွန်းလူအကိုကဘအေးကိုပြန်ရိုက်
ဘအေး အဖေက ထွန်းလူကိုပြန်ရိုက် ထွန်းလူအကိုကဘအေးအဖေကိုပြန်ရိုက်ဘအေးအဖေက ထွန်းလူတစ်မျိုးလုံးကို စိန်ခေါ်ထွန်းလူတမျိုးလုံးက ဒုတ်ဓါးဆွဲထက်လာ
ကဲ . ဂျာအေးသူ့အမေရိုက်တာထက်ဆိုးနေရော ဖြစ်စဉ်အစကိုကြည့် ဘအေးဘာလို့ထွန်းလူကိုရိုက်တာလဲဆိုတဲ့အဆင့်မှာ ရှင်းနိုင်ရင်ဆက်ပြီး တမျိုးလုံးဖြစ်စရာအကြောင်းမရှိ
ဘယ်သူ့မှာ တာဝန်ရှိသလဲ ???
၆ ။ ရွာတွေက လူအုပ်စုကြီးတက်လာတယ် (သတင်းအရ ၁၀၀% မှန်သည်မဆိုလို ) ဆိုပါတော့ မြို့မှာ ရဲက လူနည်းနည်းလေး ရဲဘာလုပ်နိုင်မယ်ထင်သလဲ
စစ်တပ် ဆိုတာကလည်းအပေါ်က ၀င်ထိမ်းပါ အမိန့်တစုံတရာပေါ်လာမှ ထိမ်းပေးလို့ရတာမျိုး ဆိုတော့ကာ ၀င်ထိမ်းဖို့လက်နှေးသွားတဲ့အစိုးရကိုပဲအပြစ်တင်ရမလား ???
၇ ။ ဗုဒ္ဓဘာသာကို ဘုန်းတော်ကြီးတွေထိမ်း အစ္စလာမ်တွေကို မော်လ၀ီတွေထိမ်း ဒါဆို စစ်ပွဲကြီးဖြစ်စရာမရှိ ဖြစ်လည်းအကျိုးမရှိ နိုင်ငံ့ကောင်းကျိုးကိုလိုလားကြတယ်ဆိုရင်
အခုဖြစ်နေတဲ့မီးစမီးပွားတွေဖြစ်တဲ့နေရာမှာရအောင်ငြှိမ်းပြီး တပြည်လုံးမပြန့်ဖို့ကိုတော့ အားလုံးဆန္ဒရှိကြမယ်ထင်တယ် ဟုတ်ရဲ့လား ???
၈ ။ အကောင်းအဆိုးကတော့ အရာရာမှာဒွန်တွဲနေတာပါပဲ ဘာသာအားလုံးတို့ရဲ့ ဘုရားတွေအပေါ် အခုအချိန်ထိကျုပ်မကောင်းမပြောမိသေး ဘုရားတွေအားလုံးကတော့
ငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးတည်ကြတယ်လို့ယုံကြည်ပါတယ် ။ အခုက ဖြစ်စဉ်နောက်ကို ဘာကြောင့်ဖြစ်နေတာလဲ
တွေးတောမိကြဖို့ ပြောချင်တာ . . စစ်တပ် . . က ပြတ်ပြတ်သားသား တာဝန်ဝင်ယူပေးဖို့ သမ္မတကြီး မိန့်ခွန်းထဲပါသွားပြီ
ထိုသို့သောအကြောင်းအရာကြောင့် နောက်ပြန်ခေတ်ကြီးထဲ ပြန်မရောက်ရလေအောင်ကိုယ့်အသိလေးနဲ့ကိုယ်ထိမ်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနေကြတာမကောင်းဘူးလား ???
၉ ။ တစတစ စိုးရိမ်ထိတ်လန့်နေရတဲ့အချိန်တွေက နှစ်ဖက်စလုံးမှာ မရှိစေချင်တော့ဘူး ။ ကျီးလန့်စာစားနဲ့ငါ့သူလာလုပ်မလား ငါသူ့သွားလုပ်ရမလားဆိုတဲ့အတွေးတွေနဲ့
ပူလောင်နေရတာလည်း ဘယ်သူမှ ဖြစ်ချင်ကြမယ်မထင်ဘူး ။ အခုဆို အစိုးရလည်း ပါလာပြီဖြစ်တဲ့အတွက် မီးစတွေ ထပ်မပွားပဲ ငြိမ်းသွားဖို့ကိုတော့မျှော်လင့်မိတယ် ။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တာစူနေကြတဲ့အချိန် မှာ အခုလို အချိန်ကိုက်ကြီး ထဖြစ်တာဟာ ကောင်းတဲ့နိမိတ်မဟုတ်သလို တိုးဝင်လာမယ့်စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေကို
တွန့်ဆုတ်သွားစေတယ်ဆိုတာကိုလည်းဝန်ခံပါတယ် ။ ဘယ်သူ့အပြစ်လဲလိုက်ရှာနေတာထက် အခုလက်ရှိအခြေအနေကို ငြိမ်းသတ်ပြီး တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့ကိုပဲ ရှေးရှုကြရင်မကောင်းဘူးလား ???
၁၀ ။ သိတဲ့လူတွေလည်းသိကြမှာပါ ဘာကြောင့်ဒီလိုအခြေအနေတွေဖြစ်လာရတယ်ဆိုတာ ၊ မသိတဲ့လူတွေကတော့ အခုထိ လူမျိုးရေးဘာသာရေးအုံကြွမှု အကြမ်းဖက်မှုဆိုတဲ့စကားလုံးတွေသုံးနေကြလိမ့်ဦးမယ်
လိုက်ကာနောက်ကွယ်က လူဆိုတာ တကယ့်ကို လူတွေတွေးတောမိဖို့လိုတဲ့အချက်ဖြစ်ပါတယ် ။ လူတွေအားလုံးကတော့ရည်ရွယ်ချက်ရှိရှိကြီး မြေပုံအလျှောက်တောက်လျှောက်လုပ်လာဖို့ ဘယ်သူမှ အင်တိုက်အားတိုက်ကြိုးစားကြမယ်မထင်ဘူး ။
ဘယ်သူကတင်ကျွေးထားနေလို့လဲ ကိုယ့်ထမင်းကိုယ်ရှာစားနေရတာဆိုတော့ ဒီလို သတင်းတွေမှာဖော်ပြနေတဲ့လူ ရာချီနေတဲ့အုပ်စုကြီးဆိုတာ ကွက်ကွက်ကွင်းကွင်းကြီး ပဟေဌိဖြစ်နေတယ်မထင်မိဘူးလား ။
၂ဖက်စလုံးမှာ ချကြွာ မခံနဲ့ကွာ ဆော်ပစ်ကွာဆိုတဲ့အပျက်သဘော တွေ ရပ်တန်းကရပ်ကြပေးပါလို့ တောင်းဆိုချင်တယ် ။ လူစုနေတာတွေ တချို့စာမျက်နှာတွေ ကြိတ်လုပ်နေတာတွေ မြင်နေရတာတွေကြားနေရတာတွေအားလုံးဟာ
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနှောက်အယှက်ဖြစ်စေတဲ့အတွက်ကန့်ကွက်ပါတယ် ။ အခုအချိန်က လူတိုင်းမှာ ဒါဏ်ရာတွေကိုယ်စီနဲ့မို့ ကိုယ့်ဒါဏ်ရာကိုယ်ဆေးထည့်ရင်း ငြိမ်သက်စွာနဲ့မြန်မာပြည်အကျိုးဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုကို
ဝိုင်းဝန်းပြုစုပျိုးထောင်ကြရအောင် ။
မကြာခင်မှာ အစိုးရအနေနဲ့အဖြေတစ်ခု တိတိကျကျထုတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ် ။ အဲဒီအဖြေတရားခံထွက်လာတဲ့အချိန်ဟာ နောက်မကျပါစေနဲ့ဟုသာ ....။
မြန်မာပြည်အကျိုးနဲ့ဖွံ့ဖြိုးတိုးတက်ဖို့အလိုရှိသော . .
စာရေးသူ - သက်တန့်ချို သက်တန့်ချို
Photo Credit : ကိုသာပို
No comments:
Post a Comment