မြန်မာပြည်မှ ကြိုဆိုပါတယ် ဘိုနို ....



Photo - Internet 
ကမ္ဘာကျော် U2 တေးဂီတအဖွဲ့၏ ကမ္ဘာကျော် ဒီမိုကရေစီအရေး တက်ကြွအားပေးလှုပ်ရှားနေသော တေးသံရှင် ဘိုနိုသည်မြန်မာနိုင်ငံအတွင်းအသေးစားချေးငွေလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးကူညီသည့် လှုပ်ရှားမှုတစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင်အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင် နေသည့် ကုမ္ပဏီတစ်ခု၏ အဆက်အသွယ်ဖြင့် ၂၀၁၃ခုနှစ် ဇွန်လကုန်ပိုင်းအတွင်း ရန်ကုန်မြို့တွင် တေးဂီတ ဖျော်ဖြေပွဲတစ်ခု လာရောက် ပြုလုပ်သွားမည်ဟု ယနေ့ခေတ်သတင်း ဂျာနယ် တွင် ဖော်ပြထားသည်။
အဆိုပါ အဆိုတော် ဘိုနိုသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အစဉ်တစိုက်အားပေး ထောက်ခံခဲ့သော အဆိုတော်ဖြစ်ပြီး ... ပြီးခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဥရောပခရီးစဉ်အတွင်းကလည်း ၄င်း၏ ကိုယ်ပိုင်လေယာဉ်အား ဒေါ်အောင်ဆန်းစုကြည် အသုံးပြုရန်အတွက် ငှားရမ်းခဲ့ဖူးသည်။
Welcome – Bono... (U2)

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ